သူမလေးရဲ့ခိုနားရာ

တောင်ရောက်၊မြောက်ရောက်

Published by သူမလေး under on 11:12 PM
ဒီနေ့အလုပ်လုပ်ရတာစိတ်မပါဘူး။ ဘာဖြစ်နေတာလည်းဆိုတော့ပျင်းနေတာပေါ့။ ဘာမှလည်းလုပ်ချင်စိတ်မရှိဘူး။ စိတ်ပေါက်ပေါက်နဲ့စာတွေထိုင်ဖတ်နေလိုက်တယ်။ သူဌေးမြင်ရင်တော့ဂျောင်းတော့လို့ပြောမလားမသိဘူး။ ဟီဟီ.... မျက်လုံးကအိပ်ချင်နေပြီး၊ လည်ပင်းကနာနေတယ်။ ဘယ်လိုဖြစ်တာလည်းဆိုတော့ အအေးမိတာပါ။ မနေ့က ရေချိုးခေါင်းလျှော်ပြီး စတန့်ထွင်လိုက်တာ။ အခုတော့ဖြစ်ပြီ၊ ဘယ်လိုစတန့်ထွင်တာလည်းဆိုတော့ အခန်းထဲမှာ အဲကွန်းရော၊ပန်ကာရောဖွင့်ပြီးရုတ်ရှင်ကြည့်တာပါ၊ တမျိုးမထင်ပါနဲ့။ မနေ့ကအိမ်မှာကိုယ်တယောက်တည်းရှိတော့လုပ်ချင်တိုင်းလုပ်နေတာ။

ညနေသူငယ်ချင်းတွေနဲ့ချိန်းထားတာရှိတယ်။ သူငယ်ချင်းတယောက်မနက်ဖန်ပြန်မှာမို့နှုတ်ဆက်ပွဲလုပ်မယ်။ နောက်သူငယ်ချင်းတယောက်ကမနေ့ကမှရောက်လာတာမို့အကြိုပွဲလုပ်မယ်။ ပေါင်းလုပ်တာပေါ့၊ အဟီ...သူတို့ကကိုယ့်ကိုကျွေးခိုင်းတယ်။ဒါပေမယ့် ညနေကိုဆရာလည်းလာမယ်တဲ့..အဲ့ဒီတော့ ခွိခွိ။

စနေနေ့က Beachမှာ လမ်းလျှောက်ပွဲလုပ်တာသွားရသေးတယ်။ ကိုယ်တို့ရုံးက စပွန်ဆာပေးတဲ့အထဲပါနေတာ့ရုံးအနေနဲ့သွားပေးရတာပေါ့။ ပူလိုက်တာ ...ပြောမနေနဲ့။ဒါတောင်တော်သေးတယ် မန်နေဂျာက ကိုယ့်ကိုသနားလို့ ဟိုမှာအရမ်းပူတယ်တဲ့ ငါနင့်ကို၁၂လောက်မှပြန်လာခေါ်မယ်ဆိုပြီးရုံးမှာထားခဲ့လို့။ မဟုတ်ရင်ဟိုမှာမနက်၉နာရီလောက်ထဲက၀ဋ်သွားခံနေရမှာ။ ပြီးတော့ဘာမှလည်းမဟုတ်ဘူး၊ ကိုယ်တို့ကတော့ပွဲထဲမှာသိပ်မနေပါဘူး။ ဟီ အိမ်သာသွားမယ်ပြောပြီးလျှောက်လည်နေကျတာ။ သူငယ်ချင်းတွေဆော့ထားတဲ့မူဗွီလေးတင်ပေးအုံးမယ်။အရမ်းရီရတာပဲ...သူငယ်ချင်းတယောက်ကိုပေးပြတာ၊ သူက ဘောလုံးထဲကိုမျောက်မတွေဝင်ဆော့နေတာတဲ့။ ဟိုကကြားသွားရင်တော့ရိုက်ပေါက်ပဲ။

ကဲအလုပ်လေးဆက်လုပ်လိုက်ပါအုံးမယ်။ အားလုံးပျော်ရွှင်ကြပါစေရှင်။

ရီသောသူအသက်ရှည်ဧ။်...

Published by သူမလေး under on 7:35 PM

မင်္ဂလာပါရှင်...သူမလေးတယောက်အလုပ်တွေနဲ့လုံးချာလည်နေလို့ ဘလော့လေးကိုပစ်ထားမိသလိုဖြစ်နေတယ်။ အခုလည်းအလုပ်ထဲကနေပို့စ်ခိုးတင်တာပါ။ ဘာရယ်မဟုတ်ဘူး ညီမလေးပို့ပေးတဲ့ဖော်ဝပ်မေးလ်လေးကိုသဘောကျလို့ တင်ဖြစ်တာပါ။ တခါတလေကျတော့လည်းစိတ်လွတ်ကိုယ်လွတ်ရီရတာဟာ လူရဲ့စိတ်ကိုပေါ့ပါးစေတာအမှန်ပါပဲ။

အားလုံးပျော်ရွှင်ချမ်းမြေ့ကျပါစေရှင်။









Decemberရယ်မြန်မြန်ရောက်ပါတော့လား။

Published by သူမလေး under on 1:56 AM
နေ့လည်က ထမင်းသွားစားတော့ ကိုယ့်စီနီယာက Holidayမှာဘယ်သွားဖို့အစီအစဉ်ရှိလည်းတဲ့။ နင့်အိမ်ပြန်မှာလားတဲ့မေးလာတယ်။ သူမလေးလည်း အင်းလို့ ဒီဇင်ဘာကျရင်ပြန်ဖို့အစီစဉ်ရှိတယ်လို့ဆိုတော့သူက ဘယ်နှရက်လောက်ပြန်မှာလည်းတဲ့။ ၂ပတ်လောက်ပေါ့လို့၊ ငါက ဟိုနေ့က ခွင့်၁ရက်ယူပြီးသားဆိုတော့ ၁၃ရက်ပဲကျန်တော့မယ်လို့ ဒါပေမယ့်ခရစ်စမတ်ဟောလီးဒေးရယ်၊ New Yearရယ်ပါပေါင်းယူမယ်ဆိုရင် ၁၄ရက်လောက်တော့နေလို့ရမယ်ဆိုပြီး ကွိစိကွစိပြောမိတယ်။ သူက အင်းတဲ့မန်နေဂျာနဲ့အရင်မေးကြည့်အုံးတဲ့၊ သူတို့အဲ့လောက်ခွင့်ရက်ရှည်ပေးမပေးဆိုတာကိုတဲ့။
ငါအရင်နှစ်က ခွင့်၉ရက်လောက်ဆက်တိုက်ယူတာကို ပွစိပွစိလုပ်ခံရတယ်တဲ့ဆိုပြီး ဘာညာသာဒကာနေကြာကွာစိပေါ့။

မနေ့ကလည်းအိမ်ကိုဖုန်းဆက်တော့ ဖေတို့မေတို့က ကိုယ်ပြန်လာရင်သွားဖို့လာဖို့ကိုအခုထဲက အစီစဉ်ဆွဲနေပြီ။ အဟင့်.... ပြန်ချင်လာပြီ။ မနှစ်က ဒီအချိန်အိမ်မှာပေါ့။ ကျောင်းပြီးတော့ အိမ်မှာ၁လပြန်နှပ်နေတဲ့အချိန်ပေါ့။
ဒီဇင်ဘာဆိုကိုယ်တို့ဆီမှာ နှင်းမြူတွေဆိုင်းပြီး ခိုက်ခိုက်တုန်အောင်ချမ်းနေလောက်ရောပေါ့။ မနက်ဆိုမောင်လေးညီမလေးတွေနဲ့လမ်းထွက်လျှောက်လို့ရမယ်၊ ကြိုးခုန်လို့ရမယ်၊ တန်းနစ်ကစားလို့ရမယ်။ ပြီးရင် အဒေါ်ပြင်ပေးထားတဲ့ ထမင်းပူဆီဆမ်းနဲ့အကြော်ရယ် ကော်ဖီပူပူလေးရယ်ကိုမောင်နှမတတွေစကားဖောင်ဖွဲ့ရင်းစားကျမယ်။ မောင်ဆိုးလေးကချွဲပြီး ခွံ့ကျွေးခိုင်းရင်ကျွေးခိုင်းနေမှာ။ဒါမှမဟုတ်ရင်လည်း ကိုယ်တို့မောင်နှမတွေက ကလေးလုပ်ပြီး မေမေစားနေတာကိုအတင်းခွံ့ကျွေးခိုင်းမယ်။ မေမေလုပ်ပေးတဲ့ ထမင်းဆုပ်လေးဆိုကိုယ်တို့မက်မက်မောမောစားခဲ့ကြတာပေါ့။ အင်း ပြောရင်းတောင်စားချင်လာပြီ။

ပြီးတော့အခုကိုယ်ကထမင်းလေး၊ဟင်းလေးနည်းနည်းချက်တက်နေပြီဆိုတော့အဒေါ်နဲ့အတူနေ့လည်စာကူချက်
ပေးမယ်။ ဟီ ကူရှုတ်မယ်ပြောတာ။ အားတွေးရင်းတောင်ပျော်လာပြီ။အခုတော့အလုပ်ထဲမှာ....တော်ပြီအလုပ်ဆက်လုပ်ရအုံးမယ်တော်နေ ဘော်စိက ပွားနေအုံးမယ်။ ....လွမ်းပြီမေရေ။

ရွှေပြည်တော်ရယ်မျှော်လေတိုင်းဝေး။

မေမေရေ ပြန်လာချင်ပြီဗျ။

My Star Box

Published by သူမလေး under on 11:11 PM
"မိုးပေါ်မှာကြယ်တလုံး တိမ်ဖုံးပါလို့ လမသာ၊
သာတဲ့အခါသာပါလိမ့် နတ်ဒေ၀တာသူဖန်ဆင်း ဖိုးရွှေလမင်း"




ကျွန်မချစ်တဲ့ကြယ်လေးတွေပါ။
 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။